Check out our programs at Royal Academic Institute! We offer value added programs to help you prepare for higher education and study abroad.
GAC at Royal Academic Institute
ACT - Global Assessment Certificate ကို အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ်အခြေစိုက် ACT, Inc. နှင့် မြန်မာနိုင်ငံမှ CROWN Education and Royal Academic Institute တို့နှင့် ပူးပေါင်းစီစဉ်ကာ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ခဲ့သော စက်တင်ဘာလ ၂၀၁၃ ခုနှစ်မှစပြီး ယခုလက်ရှိ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်အထိ (၁၀)နှစ် ကာလအတွင်း Batch (၂၇) အထိ ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ကျောင်းသားဦးရေ (၆၀၀) နီးပါး သင်ကြားမွေးထုတ်ကာ၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်၊ တက္ကသိုလ်တိုက်ရိုက်ဖြင့်လည်းကောင်း၊ ပညာသင်ဆုများနှင့် လည်းကောင်း၊ ပညာလေ့လာသင်ယူဆည်းပူးနေကြပြီး၊ အချို့ လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်နေကြသည့်အထိကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
GAC Delivery and Progression
Global Assessment Certificate ကို ပြည်တွင်းတွင် (၁)နှစ် ကြာတက်ရောက်ရမည်ဖြစ်ပြီး အဆိုပါ ပရိုဂရမ်သည် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များအပါအဝင် သြစတြေးလျ၊ ကနေဒါ၊ စင်ကာပူ၊ အင်္ဂလန် တက္ကသိုလ်များမှ Foundation အဖြစ် အသိအမှတ်ပြုထားပါသည်၊၊ အဆိုပါ တက္ကသိုလ်များတွင် Foundationတက်ရောက်ရန် မလိုအပ်တော့ဘဲ တက္ကသိုလ်ပထမနှစ်(တစ်ချို့ တက္ကသိုလ်များတွင် ဒုတိယနှစ်အထိတိုက်ရိုက်) တက်ရောက်ခွင့်ရရှိမည့် ပရိုဂရမ်ဖြစ်ပါသည်၊၊ မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားအများစုသည်အလွတ်ကျက်မှတ်သည့်စနစ်မှကြီးပြင်းလာသည့်အတွက်၊ မိမိဝါသနာကိုသိရှိရန်ခက်ခဲလေ့ရှိပါသည်။ မိမိတို့ဝါသနာ၊ ဗီဇကိုသိရှိနိုင်ရန်မှန်ကန်သော လေ့လာသင်ယူမှုနှင့်၊ ပြည့်စုံသောဘာသာရပ်များကိုလေ့လာသင်ကြားခွင့်ရမှသာ၊ ဆုံးဖြတ်ရန်လွယ်ကူနိုင်ပါသည်။ နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းသားများလိုအပ်မည့် Academic Knowledge, Academic English, Mathematics, Computing, Business,Science & Social Science, Psychology, Communication Skills နှင့် Study Skills for Independent Learning Skills များအပြင် IELTS သို့ TOEFL ဖြေဆိုနိုင်ရန် တစ်ပါတည်း ပြင်ဆင်ပေးမည့် ပရိုဂရမ်တစ်ခုဖြစ်ပါသည်၊၊ နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် Credit / GPA ဖြင့် အမှတ်စာရင်းထုတ်ပေးသဖြင့် မိမိတို့ တက်ရောက်လိုသည့် တက္ကသိုလ်များ၏ ၀င်ခွင့်သတ်မှတ်ချက်များကို ကြိုတင်သိရှိကာ တိကျစွာ ပြင်ဆင်နိုင်ပါသည်၊၊ သင်ရိုးညွှန်းတမ်းများမှာ အမေရိကန်ပြည်ထောင်စုမှ ရေးဆွဲသည့်သင်ရိုးညွှန်းတမ်း ဖြစ်ပြီး အမေရိကန်မှ စစ်ဆေးသော စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးကို စဉ်ဆက်မပြတ် တိုင်းတာနိုင်ပါသည်၊၊ ၄င်းပရိုဂရမ်သည် GCE’A’ အဆင့်နှင့်ညီမျှကာ SAT (Scholastic Assessment Test I/II) ထပ်မံပြင်ဆင်ရန်မလိုအပ်ပဲ ထူးချွန်သောကျောင်းသား ကျောင်းသူများအတွက် အမေရိကန်နှင့် အင်္ဂလန်တက္ကသိုလ်များတွင် ပညာသင်ဆု ဆက်လက်လျှောက်ပေးမည့် အစီအစဉ်ပါ၀င်ပါသည်၊၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အမေရိကန်တက္ကသိုလ်များသို့ ပညာသင်ဆုများ လျှောက်ထားရာတွင် လိုအပ်သော ACT Assessment Test ကို ရွေးချယ်သင်ယူနိုင်ပါသည်၊၊
GAC Modules
There are three levels in the GAC program. The study duration for each level is 12 weeks. In the program, there are compulsory and electives modules. Students must take at least 6 modules in each level.
Code | Hours | |
---|---|---|
GAC001 | Academic English I: Listening and Speaking Skills | 60 |
GAC002 | Academic English I: Reading and Writing Skills | 60 |
GAC003 | Study Skills for Independent Learning | 60 |
GAC004 | Mathematics I: Fundamentals | 60 |
GAC005 | Computing I: Introduction to Computing for Academic Study | 60 |
GAC006 | Business, Science, Social Science, Communication Skills and Psychology | 60 |
GAC007 | Academic English II: Listening and Speaking Skills | 60 |
GAC008 | Academic English II: Reading and Writing Skills | 60 |
GAC010 | Mathematics II: Probability, Statistics and Finance | 60 |
GAC011 | Computing II: Data Management | 60 |
GAC012 | Business II: Business Studies | 60 |
GAC013 | Science II: Scientific Principles | 60 |
GAC027 | Social Science II: Identity and Interaction in Society | 60 |
GAC029 | Psychology II: Introduction to Psychology | 60 |
GAC014 | Academic English III: Listening and Speaking Skills | 60 |
GAC015 | Academic English III: Reading and Writing Skills | 60 |
GAC016 | Mathematics III: Calculus and Advanced Applications | 60 |
GAC017 | Computing III: Digital Communication | 60 |
GAC022 | Business III: International Business Studies | 60 |
GAC023 | Science III: General Science | 60 |
GAC024 | Discrete Mathematics | 60 |
GAC028 | Social Science III: Research Skills and Global Issues | 60 |
GAC030 | Psychology III: Research in Psychology | 60 |
= compulsory modules
= elective modules
What is OSSD
OSSD ဆိုသည်မှာ ကနေဒါနိုင်ငံ Ontario ပြည်နယ်မှအထက်တန်းအောင်မြင်ပြီးဆုံးသည့် ကျောင်းသူကျောင်းသားများကို ထုတ်ပေးသည့် ဒီပလိုမာ လက်မှတ်ဖြစ်သည်။ အဆိုပါလက်မှတ်ကို ကနေဒါနိုင်ငံ Ontario, Ministry of Education မှတိုက်ရိုက်ထုတ်ပေးသည်။ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများလေ့လာသင်ယူနိုင်ရန် ကနေဒါနိုင်ငံ Ontario ရှိ Rosedale Academy နှင့် CROWN Education & Royal Academic Institute တို့ပူးပေါင်းလျက် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အဆိုပါဒီပလိုမာကို သင်ကြားပို့ချ ပေးနေပါသည်။ Kanata Academy International သည် BSID 665538 ဖြင့် ကနေဒါနိုင်ငံ Ontario Ministry of Education မှ Credit-Granting Authority ရရှိထားပြီးဖြစ်ပါသည်။
ကနေဒါနိုင်ငံတွင် OSSD လက်မှတ်ရရှိရန် အထက်တန်းကျောင်းများတွင် (၉) တန်းမှ (၁၂) တန်းအတွင်း Credit 30 သင်ယူ ရရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်သင်ကြားပေးမည့် Canadian High School Diploma (OSSD) ရရှိရန်အတွက်အနည်းဆုံး 6 Courses သို့မဟုတ် 7 Courses သင်ကြားရန်လိုအပ်သည်။
အချိန်တစ်နှစ်အတွင်း OSSD ပြီးမြောက်ရန်နှင့် Credit မည်မျှထပ်မံယူရမည်ကိုသိရှိနိုင်ရန် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ၏ ဆယ်တန်း အောင်လက်မှတ် သို့မဟုတ် iGCSE/ GCE A-Level ရမှတ်များကို ကနေဒါ နိုင်ငံ တွင် Prior Learning Assessment Recognition (PLAR) စနစ်ဖြင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် Kanata Academy International မှစစ်ဆေးပေးမည်ဖြစ်သည်။ ထို့နောက်လိုအပ်သည့်ဘာသာရပ်များ/ Credit များကို Kanata Academy International နှင့် CROWN Education & Royal Academic Institute မှ ပူးပေါင်း သင်ကြား ပေးပါမည်။
OSSD လက်မှတ်ရရှိပြီးပါက ကနေဒါနိုင်ငံရှိတက္ကသိုလ်များသာမကပဲ၊ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်္ကာပူအစိုးရတက္ကသိုလ်များ သို့ပါလျောက်ထားနိုင်သည်။
OSSD Modules
ကျောင်းသူ/သား၏နောက်ခံပညာရေးမှတ်တမ်းနှင့်တက္ကသိုလ်တွင်ဆက်လက်သင်ယူရန်စိတ်ဝင်စားသော ဘာသာရပ်/ မေဂျာပေါ်တွင်မူ တည်၍ အောက်ပါ ဘာသာရပ်တွေကိုရွေးချယ်သင်ယူနိုင်သည်။
Social Science Stream | Engineering & Technology Stream | Math, Business & Computer Science Stream | Health & Science Stream |
---|---|---|---|
English Literature | English Literature | English Literature | English Literature |
World History | Advanced Functions | Advanced Functions | Advanced Functions |
Economics | Calculus & Vectors | Calculus & Vectors | Calculus & Vectors |
Canadian Politics | Chemistry | Mathematics of Data Management | Chemistry |
Nutrition & Health | Physics | Economics | Biology |
Elective course | Elective course | Elective course | Elective course |